November 9, 2020

သူပို့တဲ့မေတ္တာ

အောင်မင်းစိုး (ကြို့ပင်ကောက်)

        တစ်နေ့ ဒေါ်ခင်စိန်နှင့် ဒေါ်ကြင်မြိုင်တို့ မေတ္တာပို့သမှုနှင့်ပတ်သက်၍ ပြောဆိုနေစဉ်တွင် ဦးကြင်စောလည်း အိမ်လည်လာရင်း စကားလက်ဆုံကျသွား၏။ ထိုသို့ဖြင့် အထက်ပါကိစ္စ ပြောဆိုကြစဉ် ဒေါ်ခင်စိန်က ဦးကြင်စောအား မေတ္တာပို့သမှုတွင် အထက်အရပ်၊ အောက်အရပ် မည်သည့်အရပ်ကို ဦးစွာပို့သသနည်းဟုမေးရာ ဦးကြင်စောက "အထက်အရပ်ကို အရင်မေတ္တာပို့ရတယ်ဗျ"ဟုဆိုစဉ် ဒေါ်ခင်စိန်က "ဘယ်လိုကြောင့်လဲ"ဟု မေးရာ ဦးကြင်စောက ပြန်ပြောလိုက်သောစကားကြောင့် ပြုံးစိစိဖြစ်သွားသည်။

        သူပြောလိုက်သည်က -

        ‘‘ကျွန်တော့်မိဘတွေက အထက်အညာအရပ်မှာ ရှိလို့’’ ဟူ၏။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၈)


No comments:

Popular Posts