မေကျော် (ပြန်/ဆက်)
ဘကြီးဖြိုးတစ်ယောက် ဘုရားစုံဖူးပြီး ရွာသို့ပြန်ရန် ကားပေါ်မှ ထိုင်စောင့်နေပါသည်။ ထိုစဥ် ဂျာနယ်လက်ပွေ့သမားတစ်ဦး ကားအနားသို့ ရောက်လာပြီး ရုပ်ရှင်မင်းသမီးတစ်ယောက်အကြောင်း၊ လေယာဉ်ပျက်ကျတဲ့အကြောင်းကို ထပ်တလဲလဲ ကြေညာနေသဖြင့် ဘကြီးဖြိုးမှာ အလုအယက် ဝယ်ယူဖတ်ရှုပါသည်။ သို့သော် ထိုအကြောင်းအရာရှာမတွေ့သဖြင့် ဂျာနယ်သမားအားမေးမြန်းရာ ထိုသူက -
‘‘ဟုတ်တယ်လေ။ ရုပ်ရှင်မင်းသမီးက ရုပ်ရှင်ကား ရိုက်နေပြီး နိုင်ငံခြားက လေယာဉ်ပျက်ကျတာလေ’’ဟု ဖြေလိုက်ရာ ဘကြီးဖြိုးက အရှက်ပြေပြောလိုက်သည်မှာ ‘‘ငါလည်း ထင်တော့ထင်သားပဲ’’ ဟူသတည်း။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၁)
No comments:
Post a Comment