၆-၈-၂၀၁၆
ည(၁၁း၃၆)နာရီ။
၂၀၁၆ ခုနှစ်၊သြဂုတ်လ(၇)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ။
ဘင်္ဂလားပင်လယ်အော် နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ နောက်(၂)ရက်အတွင်း မုန်တိုင်းဖြစ်ဖို့ အလားအလာမရှိသေးပါ။
ဘင်္ဂလားပင်လယ်အော် အခြေအနေ။
(၆ -၈-၂၀၁၆)ရက် နံနက်(၁၀း၀၀)နာရီအချိန်KALPANA_1 ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ အားကောင်း နေပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်း နှင့် တောင်ပိုင်းဒေသ တို့မှာတိမ်ထူထပ်နေပြီး၊ ကျန် ဒေသ တွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းတလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း တလျောက် နဲ့ ကမ်း လွန်ပင်လယ် ပြင် တွေမှာ လှိုင်း အမြင့် (၄) ပေ မှ (၆) ခန့် အထိရှိနိုင် ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များဟာကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကယား
ပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်ဒေသကြီးး(အထက်ပိုင်း) နှင့်တနင်္သာရီတိုင်း ဒေသကြီး တို့မှာ 23°C မှ28°C၊ ကျန် ဒေသ တွေ မှာ 29°C မှ 32°C အထိရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။
တစ်ပြည်လုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားအဆင့် အလွန်မြင့်မားအဆင့် တွင်ရှိနေနိုင် ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေ။
မကွေးတိုင်း၊ မန္တဆလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စစ်ကိုင်းတိုငးအထက်ပိုင်းတို့တွင် မိုးတိမ်တောင်ဖြ စ်ပေါ်ရန် အလားအလားအသင့်အတင့် (ဖြစ်ပေါ်ရန် ၂၅% မျ ၄၅% ခန့်အထိ ရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
စစ်ကိုင်းတိုင်ဒေသကြီးး(အထက်ပိုင်း)မှာ နေရာအနှံ့အပြား ၊မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း) နှင့်ဧရာဝတီတိုင်ဒေသကြီးတို့မှာ နေရာကျဲကျဲ၊ကျန်ဒေသ တွေမှာ နေရာစိပ်စိပ် မိုးထစ်ချု့န်း ရွာပါ့မယ်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
မြန်မာနိုင်ငံ တောင်ပိုင်းဒေသ မှာ မိုးအားလျော့နိုင်ပါတယ်။
ဒေါက်တာထွန်းလွင်
U Tun Lwin Facebook Page မှကူးယူဖော်ပြပါသည်။