November 17, 2020

ဓာတ်စာအဖြစ် အသုံးပြုနိုင်သော ချဉ်ပေါင်ရွက်

လွန်းပိုးအိမ်

        ချဉ်ပေါင်ရွက်ကို ဟင်းအဖြစ်သာမက ကျန်းမာရေးဓာတ်စာအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ကျန်းမာရေးအခြေအနေကြောင့် ခံတွင်းပျက်ခြင်း၊ ရာသီဥတုအလွန်ပူပြင်း၍ အစာစားချင်စိတ်မရှိလျှင် ခံတွင်းမြိန်လာစေရန် ချဉ်ပေါင်ရွက်ကို မျှစ်နှင့် ကြော်စားသည်ဖြစ်စေ၊ အချဉ်ဟင်းချက်စားသည်ဖြစ်စေ၊ ချဉ်ပေါင်ယိုထိုးပြီး သရေစာအဖြစ် စားသည်ဖြစ်စေ အမျိုးမျိုးစားသုံးနိုင်ကြောင်း တွေ့ရှိရပါသည်။

ဓာတ်ပုံ - bp.plogspot

        ချဉ်ပေါင်ရွက်၏ အကျိုးကျေးဇူးများမှာ အအေးမိဖျားနာခြင်းကို သက်သာစေသည့်အပြင် သံဓာတ်ပါဝင်သည့်အတွက် အားနည်းခြင်းရောဂါအတွက်လည်း အထူးသင့်လျော်သော ဓာတ်စာတစ်ခုဖြစ်သည်။ ချဉ်ပေါင်ယိုပြုလုပ်ရာတွင် ချဉ်ပေါင်သီးကိုဖြစ်စေ၊ ချဉ်ပေါင်ရွက်ကိုဖြစ်စေ အသုံးပြုနိုင်ပါသည်။ ချဉ်ပေါင်ရွက်နှင့် ချဉ်ပေါင်သီးများ ပေါ်ချိန်၊ ပေါများချိန်များတွင် ချဉ်ပေါင်ယိုပြုလုပ်ပြီး ထမင်းစားပြီးချိန်များတွင် ခံတွင်းအရသာရှိစေရန် အချိုတည်းနိုင်ပါသည်။ ယိုများပြုလုပ်၍လည်း တာရှည်ထားစားသုံးကြသည်။

        သံဓာတ်ကြွယ်ဝစွာ ပါဝင်သည့် ချဉ်ပေါင်ရွက်သည် အားနည်းသူများအတွက် ဓာတ်စာတစ်ခုအနေဖြင့် အသုံးပြုနိုင်ပါသည်။ ဗီတာမင်စီပါဝင်သည့်အတွက် ကိုယ်ခံအားကိုလည်း အထူးကောင်းမွန်စေပါသည်။

        ဗီတာမင်စီပါဝင်ပြီး ကိုယ်ခံအားကောင်းမွန်စေသော ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်သီးများကို အသုံးပြုကာ ချက်ပြုတ်စားသောက်ခြင်း၊ ကြော်လှော်စားခြင်း၊ ယိုထိုး၍စားခြင်းဖြင့် သံဓာတ်ပြည့်ဝစေပြီး အားနည်းခြင်းရောဂါများအတွက် သက်သာပျောက်ကင်းစေနိုင်ပါသည်။

ဒို့ကျေးရွာဂျာနယ် အတွဲ (၁၆) အမှတ် (၁၂)

No comments:

Popular Posts