မျိုးလှိုင်ဝင်း
ကျေးရွာများတွင် ခေတ်မီဖွံ့ဖြိုးလာ၍ လက်ကိုင်ဖုန်းကိုင်နိုင်သူများ ရှိလာသည်။ မြန်အောင်မြို့နယ်ကျောက်တန်းရွာရှိ မညိုလုံးမှာ စျေးဆိုင်ထိုင်ရင်း လက်ကိုင်ဖုန်းထောင်ထားသည်။ တစ်နေ့ ပြည်ပမှ ဖုန်းဝင်လာ၍ အိမ်ရှေ့အိမ်မှ မအေးစန္ဒာအား လှမ်းခေါ်လိုက်သည်။
‘‘အေးစန္ဒာရေ... ဖုန်းဟေ့...ဖုန်း’’
တစ်ရက်ခြား၊ နှစ်ရက်ခြား ဤသို့ခေါ်သံများ ကြားရဖန်များလာသောအခါ မညိုလုံး၏အဘွားမှာ နားကြားပြင်းကပ်လာ၍လားမသိ။ တဲ့တိုးကြီးပြောချလိုက်၏။ မျက်မမြင် အဘွား၏ ပြောစကားမှာ -
‘‘အဲဒီ အေးစန္ဒာက အရှက်နည်းလိုက်တာတော်။ ဘာဖြစ်လို့ လုံအောင်မထိုင်ရတာလဲ’’ ဟူ၏။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၄)
No comments:
Post a Comment