ဒေါက်တာလွင်သန့်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ ၂ဝ၁၅ အရ မြန်မာနိုင်ငံဟာ ကမ္တာပေါ်မှာ ကင်ဆာအဖြစ်ဆုံး ၁ဝ နိုင်ငံထဲမှာ ပါဝင်နေတဲ့အတွက် မြန်မာလူမျိုးများ နေထိုင်စားသောက်မှုကို ပြန်ကြည့်တဲ့အခါမှာလည်း ကင်ဆာဖြစ်စေတဲ့ အစားအစာများကြား ကြီးပြင်းရှင်သန်နေကြောင်း တွေ့ရမှာပဲဖြစ်တယ်။
ရောင်စုံဆိုးဆေးနှင့် အစားအသောက်များ
တားမြစ်အန္တရာယ်ရှိ ဆိုးဆေးတွေ အသုံးပြုထားတဲ့ မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဥ်နီ၊ အဝါရောင်ဆိုးထားတဲ့ ငါးပုဏ္ဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားနဲ့ အရောင်ဆိုးထားတဲ့ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုပ်၊ အနက်ရောင်ဆိုးထားတဲ့ ပြောင်းဖူးတို့ဟာ အသည်းကင်ဆာနှင့် အခြားကင်ဆာရောဂါများ ဖြစ်ပွားစေလို့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။
လေထုညစ်ညမ်းမှုနှင့် ကင်ဆာ
စက်မှုဇုန်တွေ၊ စက်ရုံတွေကထွက်တဲ့ အခိုးအငွေ့တွေက ကင်ဆာဖြစ်စေနိုင်သလို မော်တော်ကား၊ ဒီဇယ်အင်ဂျင်တွေကထွက်တဲ့ အိတ်ဇောဓာတ်ငွေ့တွေကလည်း အဆုတ်ကင်ဆာဖြစ်စေနိုင်လို့ ပိုက်ဆံရှိလို့ ကားဝယ်စီးရင်တော့ ဓာတ်ငွေ့ကားနဲ့ ဓာတ်ဆီကားကို ရွေးချယ်ဝယ်ယူအသုံးပြုသင့်ပါတယ်။
သတိထားသင့်တဲ့ အသီးအနှံများ
ဓာတုဟော်မုန်းဆေးများအသုံးပြုထားပြီး ကြီးထွားနေတဲ့ မုန်လာဥအဖြူများ၊ အလုံးတုတ်တုတ်နဲ့ ပဲပင်ပေါက်များ၊ ပိုးသတ်ဆေးအပြင်းစား သုံးထားတဲ့ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်းရွက်၊ ပန်းမုန်လာထုပ်၊မုန်ညင်းထုပ်များနဲ့ ဆေးစိမ်ဆေးဖျန်းလို့ မှည့်နေတဲ့ သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့ဟာ ကင်ဆာဖြစ်စေနိုင်လို့ ရှောင်ရှားသင့်ပါတယ်။
လူသေကောင်မပုပ်အောင် ပြုလုပ်တဲ့ ဖော်မလင်နဲ့ အသုံးပြုထားတဲ့ ပဲပြား၊ မဲနယ်ဆိုးထားတဲ့ ပုစွန်ထုပ်တို့ကို ကင်ဆာဖြစ်မှာကြောက်ရင် ရှောင်ရှားသင့်ပါတယ်။ မျိုးဆက်သုံးဆက်ထက်မကျော်တဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အသီးမှန်သမျှ ဟင်းသီးဟင်းရွက်မှန်သမျှ ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။
ပြန်ကြော်ဆီနှင့် ကင်ဆာအန္တရာယ်
ဝိသမသားလောဘသားတချို့ က နယ်စပ်များမှ တရားမဝင် ဝင်ရောက်လာတဲ့ ပြန်ကြော်ဆီများကို ဓာဆုဆေးများနဲ့ အရောင်ချွတ်၊ ပဲဆီအနံ့ ထည့်သွင်းကာ ဆီစျေးကွက်မှာ ပဲဆီသန့်တံဆိပ်တပ်ပြီး သို့မဟုတ် တံဆိပ်မတပ်ဘဲ အလွတ်ရောင်းချကြတယ်။ ပြည်တွင်းငါးမုန့်ကြော်၊ အာလူးကြော်၊ အသင့်အမြန်စားအစားအစာများ၊ ဆင်းဒဝစ်၊ ပီကေ၊ အာလူးချောင်းကြော်များမှာလည်း ပြန်ကြော်ဆီများကို ပြန်လည်အသုံးပြုလေ့ရှိကြပါတယ်။
အင်ဂျင်ဝိုင်အဟောင်းလို ညိုမည်းနေတဲ့ပြန်ကြော်ဆီများနဲ့ ကြော်ထားတဲ့ အကြော်စုံ၊ စမူဆာ၊ အီကြာကွေးများကို စားသုံးပါက ပန်ကရိယကင်ဆာ၊ အသံအိုးကင်ဆာ၊ အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာမျိုးစုံ ဖြစ်စေပါတယ်။
![]() |
ဓာတ်ပုံ - 4bp.blogspot.com |
အကင်များနဲ့ ကင်ဆာ
ပြည်ပနိုင်ငံမှ တင်သွင်းလာတဲ့ တုတ်ထိုးအကင်တွေမှာ သုံးထားတဲ့ တာရှည်ခံဆေးကလည်း ကင်ဆာရောဂါဖြစ်စေနိုင်ပြီး ယင်းအသားကင်တွေကို ခဲအောင်လုပ်၊ အအေးခန်းတွေမှာ သိုလှောင်ထားတဲ့အတွက်လည်း အောက်စီဂျင်ဓာတ်တိုးမှုဖြစ်ပြီး ကင်ဆာရောဂါဖြစ်စေပါတယ်။
မသန့်တဲ့ ပြန်ကြော်ဆီတွေနဲ့ ကြော်လိုက်တဲ့အတွက် ကင်ဆာဖြစ်စေနိုင်တယ်။ သုံးထပ်ကွမ်းဖြစ်စေလို့ အကင်တွေဆိုရင် လုံးဝရှောင်ရှားဖို့ နှိုးဆော်သင့်ပါတယ်။ ပိုဆိုးတာက ဘယ်အသားမှန်းမသိ အေးခဲထားတာပဲဖြစ်တယ်။
![]() |
ဓာတ်ပုံ - shwemon.com |
ခြင်ဆေးခွေနှင့် ကင်ဆာ
ခြင်ဆေးခွေများမှာ ဓာတုပိုးသတ်ဆေးထဲက အပြင်းထန်ဆုံးသတ်မှတ်ထားတဲ့ အက်စတူး (S2) ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်းဒါကော်ဆိုးဆေးများနဲ့ ကင်ဆာဖြစ်စေတတ်တဲ့ ဖော်မယ်ဒီဟိုက်၊ မီဖာဖလူ့ဆရင်းနဲ့ ဓာတုအမွှေးအကြိုင်တို့ ပါဝင်ပါတယ်။
အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်တဲ့ ဘန်ဇိုင်းကာစီနိုဂျင်တစ်မျိုးပါဝင်ပြီး အာရုံကြောကစလို့ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေတယ်။ ခြင်ဆေးခွေတစ်ခွေရဲ့ အဆိပ်ဓာတ်ဟာ စီးကရက်အလိပ်ပေါင်း ၅ဝ ရှူရှိုက်တာနဲ့ ညီမျှတယ်။ ခြင်ဆေးခွေတစ်ခွေမှ ထွက်လာတဲ့ အဆိပ်ဓာတ်ဟာ စီးကရက်အလိပ်ပေါင်း ၁၃၇ လိပ်မှ ထွက်ရှိတဲ့ အဆိပ်မှုန်ပမာဏနဲ့ညီမျှလို့ ဝေးဝေးရှောင်ကြဉ်ဖို့ သတိထားရမယ်။ အမွှေးတိုင်များကလည်း ခြင်ဆေးခွေလိုပဲ အန္တရာယ်ရှိပြီး မသုံးသင့်ဘူး။ လျှပ်စစ်ဖယောင်းတိုင်၊ လျှပ်စစ်အမွှေးတိုင်များ အစားထိုးပူဇော်သင့်တယ်။
ကျောင်းစျေးတန်းက တရုတ်မုန့်များ
တရုတ်စာတန်းပါ တရုတ်မုန့်မျိုးစုံမှာလည်း တားမြစ်ဆေးများ အသုံးပြုထားခြင်း၊ တာရှည်ခံ ဓာတုဆေးများ အလွန်အကျွံသုံးစွဲထားခြင်း၊ အန္တရာယ်ရှိတဲ့ နို့မှုန့်များပါဝင်ခြင်း၊ သက်တမ်းကုန်ရက်စွဲမပါခြင်းတို့ကြောင့် မစားသုံးသင့်ဘူး။ ယင်းသို့သော ပြည်တွင်းထုတ်မုန့်အချို့ကိုလည်း မစားသုံးဘူး။
ရေချိုငါးပိ၊ ငါးခြောက်၊ ငံပြာရည်
အချို့ရေချိုငါးပိမှာ ယင်မနား၊ လောက်မတက်စေဖို့ ပြည်ပက ထုတ်လုပ်တဲ့ ၉ဝ ရာခိုင်နှုန်း ယင်ဆေးခဲ ခေါ် ပိုးသတ်ဆေးများကို အသုံးပြုတတ်ကြတယ်။ ယင်းပိုးသတ်ဆေးက ကင်ဆာရောဂါဖြစ်စေနိုင်တယ်။ အိမ်နီးချင်းနိုင်ငံအချို့က ဝင်လာတဲ့ ငံပြာရည်အချို့မှာလည်း ဂလူတမစ်အက်ဆစ်နဲ့ အခြားအက်ဆစ်ပါဝင်မှုများ မြင့်တက်နေလို့ လေဖြတ်ခြင်း၊ အာရုံကြောထိခိုက်ပျက်စီး ကိုယ်တစ်ခြမ်းသေခြင်းများ ဖြစ်နိုင်တယ်။
လမ်းဘေးအစားသောက်တွေမှာ အချိုမှုန့်၊ ကြက်သားမှုန့်ပါဝင်မှုများပြီး အဲတာတွေမှာပါတဲ့ ဆိုဒီယမ်မိုနိထရိုင်ဆီလီကိတ်က ကင်ဆာရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါမျာဖြစ်စေလို့ ရှောင်ရှားရန် လိုအပ်ပါတယ်။
ဒို့ကျေးရွာဂျာနယ် အတွဲ (၁၅) အမှတ် (၂၀)
No comments:
Post a Comment